ဘုရားသခင်၏ ဆုလက်ဆောင် (ဆုကျေးဇူး)
ကျွန်ုပ်တို့အားလုံးသည် လက်ဆောင်ရရှိခြင်းကို နှစ်သက်ကြသည်၊ လက်ခံရရှိသည့်အတွက် ဝမ်းသာရုံသာမက ပေးကမ်းသူ၏ စေတနာနှင့် မေတ္တာကို ဖော်ပြနေသောကြောင့်လည်း ဖြစ်သည်။ ၎င်းသည် တန်ဖိုးထားမှု၊ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာတို့၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။
သမ္မာကျမ်းစာက အကြီးမြတ်ဆုံးသော ဆုလက်ဆောင်ကို ဘုရားသခင်ပေးသနားသော အရာအဖြစ် ဖော်ပြထားသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရန် အသက်၊ နေထိုင်ရာ ဤကမ္ဘာမြေနှင့် ကျွန်ုပ်တို့ကို ထောက်မပေးသည့် အစားအစာတို့ကို အခြားသော ကောင်းချီးမင်္ဂလာများစွာနှင့်အတူ ပေးသနားတော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် အခြားအရာအားလုံးထက် သာလွန်သော ဆုကျေးဇူးတစ်ခုကိုလည်း ပေးသနားတော်မူခဲ့သည်။
သမ္မာကျမ်းစာတွင် ဤသို့ဆိုထားသည် -
“အပြစ်တရား၏ အခကား သေခြင်းဖြစ်၏။ ဘုရားသခင်၏ ဆုလက်ဆောင်တော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ဖြစ်၏။”
ရောမ ၆:၂၃
ထိုအရာသည် ကျွန်ုပ်တို့ကျူးလွန်သော အပြစ်ကြောင့် ရထိုက်သော တရားမျှတသည့် အဖိုးအခမှာ သေခြင်းတရားဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ သေခြင်းသာမက၊ တရားစီရင်ခြင်းခံရပြီး ပျက်စီးခြင်းသို့ ရောက်ရမည့် ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ထာဝရသေခြင်းလည်း ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ အပြစ်ကြောင့် ခံရမည့်အရာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် ထာဝရအသက်တည်းဟူသော ကြီးမြတ်လှပပြီး အံ့ဩဖွယ်ကောင်းသော ဆုလက်ဆောင်ကို ရရှိနိုင်ပါသည်။
ဤကျမ်းပိုဒ်တွင် ပြောထားသည့်အတိုင်း “... ဘုရားသခင်၏ဆုလက်ဆောင်တော်(ဆုကျေးဇူးတော်)ကား ယေရှုခရစ်အားဖြင့် ထာဝရအသက်ဖြစ်၏ ... .” ထိုဆုကျေးဇူးမှာ ထာဝရအသက် ဖြစ်သည်။ ၎င်းသည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ခြင်း ပြီးဆုံးပြီးနောက်၊ သေခြင်း၏နောက်ကွယ် ဘုရားသခင်၏ ရှေ့မှောက်တော်တွင် အသက်ရှင်ရမည့် အသက်တာ ဖြစ်သည်။ ဤအသက်တာသည် ယေရှုခရစ်ကို မိမိတို့၏ ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် ➔ ယုံကြည်လက်ခံခြင်းအားဖြင့် ရရှိခြင်း ဖြစ်သည်။
ယေရှုခရစ်ကိုယ်တော်တိုင်က ကိုယ်တော့်ထံ တောင်းခံသောသူအား ဤအသက်ကို ပေးနိုင်ကြောင်း ဤသို့ရှင်းပြခဲ့သည် -
“ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။”
ယောဟန် ၄:၁၄
နောက်ပိုင်းတွင် ကိုယ်တော်သည် ၎င်းကို အစားအစာနှင့်လည်း နှိုင်းယှဉ်ခဲ့သည် -
“မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှတည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။”
ယောဟန် ၆:၂၇
ဘုရားသခင်ထံမှလာသော ဤဆုလက်ဆာင်သည် အမှန်စင်စစ်အားဖြင့် ယေရှုခရစ်ကိုယ်တော်တိုင် ဖြစ်သည်၊ ဘုရားသခင် ကမ္ဘာမြေသို့ စေလွှတ်ခဲ့သော ယုံကြည်သူများ ကယ်တင်ခြင်းသို့ ရောက်ရမည်အကြောင်း:
“ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။”
ယောဟန် ၃:၁၆
ဘုရားသခင်၏ ကြီးမြတ်သော ဆုလက်ဆောင် (ဆုကျေးဇူး)တော်နှင့် ပတ်သက်၍ အောက်ပါအချက်များကို သတိပြုပါ -
“ဘုရားသခင်သည် လောကီသားတို့ကို အလွန် ချစ်တော်မူ၏ ... ”
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် မိမိ၏သားတော်ကို ပေးသနားခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ်ထားရှိသော အတိုင်းအဆမရှိကြီးမားလှသည့် မေတ္တာတော်ကို သက်သေထူခဲ့သည်။ ဤအရာသည် သင်နှင့် သင့်မိသားစုအပါအဝင် တစ်လောကလုံးအတွက် ဖြစ်ပါသည်။
“... မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ...”
လက်ဆောင်အများစုသည် အံ့ဩစရာအဖြစ် ရောက်ရှိလာတတ်ကြပြီး၊ ဤနေရာတွင်လည်း ဘုရားသခင်ပေးသနားသော ဆုလက်ဆောင် (ဆုကျေးဇူး)၏ ကြီးမြတ်မှုကြောင့် ကျွန်ုပ်တို့ အံ့ဩရပါသည် - ၎င်းမှာ ကျွန်ုပ်တို့၏ အပြစ်များကို ကိုယ်တိုင်ခံယူပြီး ယုံကြည်သူတိုင်းကို ကယ်တင်ရန် စွန့်လွှတ်ခြင်းခံရသော ဘုရာသခင်၏ သားတော်ယေရှုခရစ် ပင်ဖြစ်သည်။
“... သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ...”
ဘုရားသခင်၏ ဤ ဆုလက်ဆောင်(ဆုကျေးဇူး)ကို ယုံကြည်ခြင်း အားဖြင့် လက်ခံရရှိခြင်းဖြစ်သည်။ ယေရှုခရစ်အားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ အပြစ်များကို ကိုယ်တိုင်ခံယူပြီး အပြစ်စီရင်ခြင်းမှ ကယ်တင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တော်ပြုခဲ့သည့် အနစ်နာခံစွန့်လွှတ်မှုအပေါ်တွင် ၎င်းသည် ယုံကြည်သူအားလုံးအတွက် ဖြစ်သည်။
“... ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ...”
ဘုရားသခင်၏ ဆုလက်ဆောင် (ဆုကျေးဇူး)သည် ကျွန်ုပ်တို့အတွက် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာကို ဆောင်ကြဉ်းပေးပါသည် - ၎င်းမှာ ကျွန်ုပ်တို့၏ အပြစ်များအတွက် တရားစီရင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်းနှင့် ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့်အတူ ထာဝရအသက်ရှင်ခွင့် ရရှိခြင်းဖြစ်ပါသည်။
လက်ဆောင်တစ်ခုကို အခကြေးငွေမယူဘဲ အလကားပေးသကဲ့သို့ ဘုရားသခင်၏ ဆုလက်ဆောင် (ဆုကျေးဇူး) သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဘုရားသခင်သည် ကုသိုလ်ကောင်းမှုများပြုလုပ်ရန် သို့မဟုတ် တစ်စုံတစ်ရာ ပေးချေရန် တောင်းဆိုခြင်းမရှိပါ။ ကျွန်ုပ်တို့သည် ရိုးရှင်းစွာ လက်ခံပြီး ကျေးဇူးတင်ရန်သာ လိုအပ်ပါသည်။ သင်သည် ဘုရားသခင်၏ ဆုလက်ဆောင် (ဆုကျေးဇူး)တော်ကို လက်ခံရယူပါမည်လား?။